Silicon tech Co., Ltd.
ဆီလီကွန်နည်းပညာကုမ္ပဏီလီမိတက်သည်နှစ်ပေါင်း(၃၀) ကျော်သက်တမ်းရှိပြီးမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းအမွေ ဆက်ခံလာသောစိုက်ပျိုးရေးမိသားစုပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါ သည်။ ကျွန်ုပ်တို့တွင် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်နည်းပညာတီထွင်ဆန်းသစ်မှုဆိုင်ရာအထူးပြုသုတေသနအဖွဲ့များစွာရှိပါသည်။ကျွန်ုပ်တို့ ကုမ္ပဏီသည် Orthosolicic acid (H4SiO4)၏တစ်ဦးတည်းသောမူပိုင်ခွင့်ပိုင်ရှင်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ထုတ်ကုန်အသစ်များကိုအမြဲဖွံဖြိုးတိုးတက်နေဖို့အတွက်ရည်ရွယ်ထားပါသည်။ကျွန်ုပ်တို့တွင်စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများနှင့်ယုံကြည်စိတ်ချရသောအသိပညာ စွမ်းအားအရင်းအမြစ်များစွာရှိပါသည်။ကျွန်ုပ်တို့သည်သီးခြားအပင်များနှင့်မြေဆီလွှာလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက် ရေ၊မြေဆီလွှာတို့၏အရည်အသွေးနှင့် ဓာတ်မြေဩဇာ၏အရည်အသွေးတို့ကိုခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဝန်ဆောင်မှုများလည်းပေးပါသည်။
ကျွန်ုပ်တို့၏ထုတ်ကုန်များသည်စားသုံးသူများနှင့်သဘာဝပတ်ဝန်းကျင်အတွက်ဘေးဥပါတ်ကင်းဝေးစေရန်အရည်အသွေး မြင့်ပစ္စည်းများဖြင့်ဖော်စပ်ထုတ်လုပ်ထားပါသည်။ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည်စိုက်ပျိုးရေးအထွက်နှုန်းကိုတိုးမြှင့်စေပြီးကုန်ကျစရိတ်ကိုလျှော့ချရန်အတွက်ပြိုင်ဖက်မရှိသော ဝန်ဆောင်မှုများကိုလျှင်မြန်စွာပေးနိုင်ဖို့ပဲဖြစ်ပါသည်။ကျွန်ုပ်တို့သည်သင်နှင့်အတူစဉ်ဆက်မပြတ်ကြီးပွားတိုးတက်စေဖို့အဆင်သင့်ဖြစ်နေပါသည်။